We use cookies to personalise content and ads, to provide social media features and to analyse our traffic. Read more…
Wednesday
28
MAR

The Power of Teamwork

15:00
17:00
Connect University
Event organized by Connect University

Get Directions

Category
#var:page_name# cover

ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့မှာပြုလုပ်မယ့် Public Speaking Club မှာ ‘Teamwork’ အကြောင်းကိုတင်ဆက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ Teamwork ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အဖွဲ့အစည်းတိုင်းရဲ့အောင်မြင်မှုအတွက်အဓိကအရေးပါတဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ချင်းဆောင်ရွက်ရုံနဲ့မအောင်မြင်နိုင်တဲ့အရာတွေကို အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါပိုပြီးအောင်မြင်မှုရရှိနိုင်တယ်ဆိုတဲ့သက်သေသာဓကတွေလည်းအများကြီးရှိပါတယ်။ ‘Teamwork’ နဲ့ ပတ်သက်တဲ့ activities လေးတွေကိုလည်း ယခုတစ်ပတ်မှာထည့်သွင်းပြုလုပ်သွားမှာပါ။

ဒါ့အပြင် Tom Wujec ရဲ့ Build a Tower, Build a Team ဆိုတဲ့ TED Talk ဗီဒီယိုနဲ့လည်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကို ကြိုတင်ကြည့်ရှုလေ့လာချင်တယ်ဆိုရင်တော့ https://youtu.be/H0_yKBitO8M ဆိုတဲ့ link မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး Public Speaking Club မှာလည်း ဖွင့်ပြသွားမှာဖြစ်တဲ့အတွက် ကြိုတင်မကြည့်ရှုထားသူများအတွက်လည်း အဆင်ပြေပါတယ်။

အပတ်စဉ်တိုင်း ဗုဒ္ဓဟူးနေ့များမှာ အမေရိကန်တက္ကသိုလ် Connect University မှ Public Speaking Club ကိုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်များအားလုံးလာရောက်နိုင်တဲ့ အခမဲ့ Public Speaking Club တစ်ခုဖြစ်ပြီး အင်္ဂလိပ်စာ အရည်အသွေးများကို လေ့ကျင့်နိုင်အောင် ဖွင့်လှစ်ပေးထားခြင်းဖြစ်ပါတယ်။

ပုံမှန်လာရောက်သူများအတွက် တိုးတက်နိုင်တဲ့ အရည်အသွေးများကတော့

- အကြောင်းအရာတစ်ခုပေါ်မှာ ဖြန့်ကျက်စဉ်းစားတွေးခေါ်နိုင်များ (Mind Exercise)
- နှစ်ဘက်မျှတတွေးခေါ်နိုင်တဲ့ အလေ့အကျင့်ကောင်းများ (Habit of seeing both sides)
- လူအများရှေ့မှာ ပြောဆိုဆက်ဆံနိုင်စွမ်းများ (Public Speaking)
- ဝေဖန်သုံးသပ်နိုင်စွမ်းများ (Critical Thinking)
- အင်္ဂလိပ်စာ အရည်အသွေးများ (English Skills)
- သမရိုးကျမဟုတ်တဲ့ ဖောက်ထွက်စဉ်းစားတွေးခေါ်နိုင်စွမ်းများ (Creative Thinking)
- မိမိကိုယ်ကို ယုံကြည်မှုများ (Confidence)

တို့ပဲဖြစ်ပါတယ်။ Connect Public Speaking Club ကို လာရောက်လိုသူများအတွက် ၀၉ ၇၇ ၉၀၀၀ ၉၀၀ ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။