We use cookies to personalise content and ads, to provide social media features and to analyse our traffic. Read more…
Sunday
08
APR

ရွှေခေတ် | လက်ဆင့်ကမ်းခြင်း - Thingyan Moe Special Event

13:30
17:00
Pyinsa Rasa
Event organized by Pyinsa Rasa

Get Directions

Category
#var:page_name# cover

(English Below)

ရွှေခေတ် | လက်ဆင့်ကမ်းခြင်း
သင်္ကြန်မိုး အထူးဖျော်ဖြေတင်ဆက်မှု

ရန်ကုန်မြို့အတွင်းဝန်များရုံးတွင် သုံးကြိမ်တိုင်အောင်ပြုလုပ်မည်ဖြစ်သော မြန်မာ့ရုပ်ရှင် အနုပညာအမွေအနှစ်များနှင့်လွှမ်းမိုးမှုများ ပြပွဲအကြောင်းအား လက်ဆင့်ကမ်းပြောပြချင်ပါတယ်။ ပြပွဲပြသမည့်နေရာမှာ ပဉ္စရသအနုပညာပြခန်းတွင် ဖြစ်သည်။

ဧပြီလ ၈ ရက် တနင်္ဂနွေနေ့  မှာ သင်္ကြန်အားလပ်ရက်များ ကို ကြိုဆိုတဲ့အနေ နဲ့  မောင်တင်ဦး (၁၉ ၈၀) ရိုက်ကူးတဲ့ ‘သင်္ကြန်မိုး’ ရုပ်ရှင်ပြသမှာ ဖြစ်ပြီး သင်္ကြန်သီချင်းများနဲ့ JAM IT! မှာ တင်
ဆက်ဦးမှာ ဖြစ်တဲ့အတွက် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

အချိန်- နေ့လည် ၁:၃၀ မှ ညနေ ၅ နာရီ။
(ညနေ ၄:၃၀ အထိနောက်ဆုံးထားဝင်ခွင့်ပြုထားမှာဖြစ်ပါတယ်)

** နေ့ လည် ၁:၃၀
ရုပ်ရှင်ပြသခြင်း။
(အင်္ဂလိပ် စာတမ်းထိုး ပါဝင်ခြင်းမရှိပါ။)

** နေ့ လည် ၃:၃၀
JAM IT! ဂီတဖျော်ဖြေပွဲ
Gabriel & the Jets | the REASONABILISTS | P O E M


နေရာ- ပဉ္စရသအနုပညာပြခန်း၊ အတွင်းဝန်များရုံး ( သိမ်ဖြူလမ်း ဝင်ပေါက်)



** သင်္ကြန်မိုး | ဒါရိုက်တာ မောင်တင်ဦး (၁၉ ၈၅) **

မောင်တင်ဦး ရိုက်ကူးခဲ့တဲ့ ‘သင်္ကြန်မိုး’ ဇာတ်ကားဟာ မြန်မာ့နှစ်သစ်ကူးရေကစားပွဲတော်ရဲ့နာမည်ကျော် မမေ့နိုင်စရာ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ မန္တလေးသား စာရေးဆရာခင်မောင်အေးရဲ့ ‘ပန်းပိတောက်၏အလွမ်းခြေရာ’ ၀တ္ထုတို ကို အခြေခံရိုက်ကူးထားတာပါ။ ကျွန်တော်တို့ရွေးချယ်ထားတဲ့ မြန်မာနိုင်ငံရဲ့အရေးပါဆုံးရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပြီး ပြည့်စုံနေတဲ့ တတိယမြောက်ဇာတ်ကားပါပဲ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ မျိုးဆက်သစ်ပေါင်းများစွာအတွက် အမှတ်တရဖြစ် စရာတွေကို ပေးနိုင်စွမ်းရှိနေဆဲဖြစ်တဲ့ အနုပညာလက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ မြို့တစ်ခု ဖြစ်တဲ့အပြင်၊ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေနဲ့ ပြည့်နှက်နေတဲ့ မန္တလေးမြို့ကို ဂုဏ်ပြုတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ် ပါတယ်။
ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းကလည်း လူငယ်နှစ်ဦးကြားက ချစ်ခြင်းမေတ္တာအကြောင်းပါပဲ။ မန္တလေးမှာ နေထိုင်ကြတဲ့ ဆင်းရဲတဲ့ စန္ဒရားသမားလေး ငြိမ်းမောင်နဲ့ သူဌေးသမီး ခင်ခင်ထားတို့ရဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ကြေကွဲစရာအဖြစ်ဟာ ပရိသတ်အတွက်တော့ ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ ဒီဇာတ်ကားရဲ့နောက်ခံ တေးသီချင်းတွေဟာ မြန်မာနိုင်ငံရဲ့လတ်တလောသမိုင်းဖြစ်စဉ်မှာ အကျော်ကြားဆုံးဖြစ်နေလို့ပါပဲ။ သီချင်းတိုင်းကို မြို့မ တေးဂီတအဖွဲ့က သီဆိုတီးခတ်ထားတဲ့အပြင်၊ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီတေးဂီတအဖွဲ့ ကို တည်ထောင်သူ၊ ခေါင်းဆောင်သူဖြစ်တဲ့ မြို့မငြိမ်းဟာ မန္တလေးမြို့ရဲ့နာမည်ကျော်ဂီတသမားတစ်ယောက်ဖြစ်ပြီး၊ ရိုးရာ စောင်းတူရိယာကို ကျွမ်းကျင်သူဖြစ်တဲ့အပြင်၊ သီချင်းရေးဆရာကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့အထိ သင်္ကြန်ပွဲတော် ရောက်ချိန်တိုင်း၊ ဒီဇာတ်ကားရဲ့သီချင်းတွေကို တစ်နိုင်ငံလုံးအနှံ့မှာ အသံချဲ့စက်တွေနဲ့ ဖွင့်ကြပါတယ်။

126 minutes
Directed by Maung Tin Oo
Written by Khin Maung Aye (novel), Aung Soe Oo (screenplay)
Starring: Nay Aung, Zin Wine, Khin Than Nu, May Than Nu
Zaw One

ပြန်လည်ပြသမည့် အချိန်

နေ့ စဉ် နေ့ လည် ၂ နာရီ (ဧပြီလ ၉ ရက်နေ့ မှ ဧပြီလ ၁၂ ရက်နေ့  အထိ)

--------

ရွှေခေတ် | လက်ဆင့်ကမ်းခြင်း - Thingyan Moe Special Event.

As part of 'Let Sin Kan Chin': The Art and Influence of Myanmar's Film Heritage exhibition, Pyinsa Rasa Art Space @ The Secretariat is hosting 3 unique events of film and music.

Join us on Sunday 8th April for our last special event and celebrate the coming Thingyan holidays with the Screening of cult musical Thingyan Moe, directed by Maung Tin Oo (1985) followed by Thingyan Music performances by Jam It!

1.30 – 5 pm
Last Entrance into the compound: 4.30 pm

** 1.30 pm:
Screening of the film.
In Myanmar language.
Unfortunately English subtitles are not available for this film.

** 3.30 pm:
Music performance by Jam It!
Line up:
Gabriel & the Jets | the REASONABILISTS | P O E M


Location: Pyinsa Rasa Art Space @ The Secretariat (Entrance Thein Phyu Road)


** THINGYAN MOE | Directed by Maung Tin Oo (1985)**

Thingyan Moe (1985), directed by Maung Tin Oo, is the famous and unforgettable story of Thingyan, the water festival, marking the start of a new year and new beginnings. It was an adaptation of the short story “Pan Paduk Ei Alwan Chae Yar” (The nostalgic footprint of Padauk flower) by Khin Maung Aye (Mandalay). It is the perfect third party to our trifecta of Myanmar’s most important films, and a defining moment in film history that keeps on giving good memories to new generations, year after year. It is also an important tribute to Mandalay, a city steeped in history, traditional culture, and an important part of the history of Myanmar.

The story is once again one of love between two young people, Nyein Maung – a poor pianist, and Khin Khin Htar, a privileged girl from Mandalay. Their tragedy is the audience’s joy, for the musical soundtrack to this film is one of the most celebrated in Myanmar’s recent history. Each song was performed by the band Myoma, who also acted in the film. Myoma Nyein, the leader and founder of the band, was a renowned musician throughout Mandalay, an expert on the traditional harp and a brilliant songwriter. Every year, at Thingyan, the songs of the film play on loudspeakers throughout the country.

126 minutes
Directed by Maung Tin Oo
Written by Khin Maung Aye (novel), Aung Soe Oo (screenplay)
Starring: Nay Aung, Zin Wine, Khin Than Nu, May Than Nu
Zaw One

Repeat screenings:
Daily April 9 - 12: 2 pm

-------

**TICKETS**
(English Below)
ဝန်ကြီးများရုံးသို့ လာရောက်သော ဧည့်သည်များကို ၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှစ၍ ဝန်ကြီးများရုံးက ဝင်ကြေး စတင်ကောက်ခံမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံသား - ၂၀၀၀ ကျပ်
(ကလေး နှင့် သက်ကြီးရွယ်အိုများ အခမဲ့)

နိုင်ငံခြားသား - ၁၀၀၀၀ ကျပ်
(ကော်ဖီတစ်ခွက် အပါအဝင်)

ကောက်ခံရရှိသော ဝင်ကြေးသည် ဝန်ကြီးများရုံးပြုပြင်ထိန်းသိမ်းရေးအဖွဲ့သို့သာသက်ဆိုင်မည်ဖြစ်ပြီး ပဉ္စရသနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။

-----

Please be informed that The Secretariat will begin charging entrance fees for all guests starting 12 March 2018.

Myanmar Citizen: 2,000 MMK (excluding children and elderly)

Foreigner: 10,000 MMK including 1 coffee

Pyinsa Rasa Loyalty card owners: 2,000 MMK

The Secretariat will charge fees based on the belief that an institution must build trust with its audience. All fees will go towards the maintenance and upkeep of the space, including cleaning and security.

Please note that Pyinsa Rasa will not receive any part of these entrance fees.

--------

မီဒီယာ ဝင်ခွင့်ကဒ်ပြား နှင့်မှလွဲ၍ Professional/Semi-Professional ကင်မရာ (DSLR type etc) များ အား ဝန်ကြီးများရုံးအတွင်းသို့ သယ်ဆောင်လာခွင့်ပြုမည်မဟုတ်ပါ။

Professional & semi professional cameras (DSLR type, etc) are not allowed in the Secretariat compound unless with a media pass.

Venue

Pyinsa Rasa